လောင်းလုံး စစ်ပြဲနှင့် လေးသွန်းခံရွာ မီးရှို့ခံနေရ

0
1849

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။

စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၈) နံနက်ပိုင်းမှစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ယင်းကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံရသည့်နေအိမ်များမှာ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းတံတားအနီးရှိ နေအိမ်နှစ်ဆောင်နှင့် တစ်ဆက်တည်းရှိနေသည့် လေးသွန်းခံကျေးရွာ ဆင်းအိုင်ရွာထဲမှ နေအိမ်အချို့ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ‌အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။