ဘန်ကောက်တွင် ပစ်ခတ်မှုထပ်ဖြစ်၊ ကွန်ပျူတာဆရာမတစ်ဦးသေဆုံး

0
765

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယနေ့ ​(နိုဝင်ဘာ ၁၁)နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး ကွန်ပျူတာဆရာမတစ်ဦး ‌သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ ခလောတိန်နယ်မြေရှိ TTB ဘဏ်ရှေ့တွင် အမျိုးသားနှစ်ဦးက တက္ကသိုလ်ကျောင်းသား အုပ်စုထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားနှစ်ဦးက အခြားကျောင်းမှ ​ကျောင်းသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားခြင်းဖြစ်ပြီး လမ်းလျှောက်လာသော ဆရာမ၏ ​ခေါင်းကိုထိမှန်ခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်​ကြောင်း၊ အခြားတစ်ဦးလည်း ​ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား​ကြောင်း ​ရဲတပ်ဖွဲ့က ​​ပြောဆိုထားသည်။

သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ် ကွန်ပြူတာဆရာမတစ်ဦးဖြစ်သည်။

နောက်တစ်ဦးမှာလည်း သေနတ်ဒဏ်ရာ သုံးချက်ထိမှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်ပြီးနောက် သေနတ်သမားမှာ ကြံရာပါတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ အ​သေးစိတ် အ​ခြေအ​နေကို မသိရ​သေး​ပေ။

ရဲတပ်ဖွဲ့ကမူ ကျောင်းသားများကြား အငြင်းပွားမှု​ကြောင့် ဖြစ်နိုင်ကြောင်း ကနဦး ကောက်ချက်ချထားသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း Siam Paragon ရှောပင်းစင်တာအတွင်း ပစ်ခတ်မှုခံရမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

Ref: Khaosod Online, Bangkok Post