ကြက်သွန်ဈေးအတက်ကြမ်းသည့် ထားဝယ်ဈေးကွက်

0
749

ထားဝယ်ဈေးကွက်တွင် နိုဝင်ဘာလ ပထမအပတ်ကစပြီး ကြက်သွန်ဈေးမှာ ခုန်တက်လာသည်ကို တွေ့ရသည်။

ကြက်သွန် တစ်ပိဿာ ၅၀၀ ကျပ်မှ ၄၀၀၀ နီးပါးအထိ ခုန်တက်သွားခြင်းဖြစ်သည်။

အောက်တိုဘာလ တစ်လလုံးနီးပါး ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင်မူ ၄၀၀ဝကျပ် ဖြစ်လာသည်။

ထို့အတူ တစ်ပိဿာ ၉၅၀၀ ကျပ် ဝန်းကျင်ရှိသည့် ထူး ၄ အမျိုးအစား ကြက်သွန်ဖြူတစ်ပိဿာ ဈေးမှာ ယနေ့ ၁၃၀၀ဝကျပ် ဖြစ်သွားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က တရုတ်ကြက်သွန်ဖြူ ခေါ် ကြူကုတ် တစ်ပိဿာဈေးမှာ ကျပ် ၈၁၀၀ ခန့်သာရှိပြီး ယနေ့ တစ်ပိဿာ ၁၄၅၀၀ အထိပေါက်ဈေးရှိနေခြင်းဖြစ်သည်။

ထူး ၅ အမျိုးအစား ကြက်သွန်ဖြူ ဈေးမှာ ထားဝယ်ဈေးကွက်အတွင်းရှိ အချို့ကုန်စည်ဒိုင်များတွင် ပစ္စည်းပြတ်လပ်နေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေသည့်အတွက် လက်ကျန်ပစ္စည်း ဈေးတက်လာခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ကြက်သွန်ဖြူ အထွက်များသည့် ရှမ်းပြည်နယ်တွင် အောက်တိုဘာလ ၂၇ ရက်ကစပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေသည်။

အခြားသော မီးဖိုချောင်သုံးပစ္စည်းများမှာ ဖော်ပြပါဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။