ရငဲရွာတွင် နေအိမ်၃လုံးမီးရှို့ခံရ

0
1349
ပုံစာ - ရငဲရွာတွင် အောက်တိုဘာလ ၁၇ ရက်က မီးရှို့ခံနေသည်ကိုမြင်ရပုံ။

သရက်ချောင်းမြို့နယ် ၊ ရငဲရွာတွင် ယနေ့ (အောက်တိုဘာ ၁၇) မနက် ၇ နာရီခွဲဝန်းကျင် က နေအိမ် ၃ လုံး မီးရှို့ခံရကြောင်း ဒေသခံများထံကသိရသည်။

“အိမ် ၃ လုံးမီးရှို့ခံနေရပြီး မီးခိုးတွေတက်နေတာမြင်နေရတယ်။ မီးလောင်နေတာက ရွာအလယ်ပိုင်းကအိမ်တွေပါ “ ဟု ရငဲရွာသားတစ်ဦးကပြောသည်။

ယနေ့မနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရပြီးနောက် မီးခိုးများတက်လာသည်ကိုမြင်ရကြောင်း ၎င်းကဆက်ပြောသည်။

ယင်းအသေးစိတ် အခြေအနေကိုမူ Dawei watch က စုံစမ်းနေဆဲဖြစ်သည်။

အောက်တိုဘာလ ၉ ရက်ကလည်း ရငဲကျေးရွာအုပ်စုတွင် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရသေးသည်။

ယခုနှစ် ဇွန်လကတည်းက စစ်ကောင်စီတပ်သည် ရငဲရွာ နှင့် ကနက်သီရီရွာတို့ကို စစ်ကြောင်းထိုးပြီးနောက် ရငဲရွာမြွေတောင်တွင် အခြေချတပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။