တနင်္သာရီရိုးရာ “ခေါသရပ်” ရှင်းတမ်း

0
1177

‘မိုးတပြက်၊ နေတပြက်၊

ငါးထမင်းတက်ချိန်၊ ပုဇွန်တက်ချိန်’ ဖြစ်သော

ယခုလို ကန်ရာသီ (တနည်းအားဖြင့်) တော်သလင်းလရောက်သည့်အခါတိုင်းတွင် –

‘ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့၊

ထူးတင့်စုံ ခေါသရပ်ညငယ်ကို လွမ်းလှချည်လေး..။’ ဆိုသည့်အတိုင်းပင်

တနင်္သာရီ‌ဒေသဖွား တနင်္သာရီလူမျိုးသာမှန်ရင်- ဘယ်နေရာရောက်နေနေ “ခေါသရပ်နေ့လေး”ကို မှန်းဆ သတိရမိကြသည်ကတော့ ရိုးရာ ရာသီစာအလွမ်းတစ်ခုလိုပင်ဖြစ်သည်။

ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီတိုင်းသားများအတွက် အမှတ်ရစရာ ‘ခေါသရပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။