“မြန်မာအရေး တကယ် ပြောင်းလဲနိုင်ဖို့လုပ်နိုင်သူတွေဆိုရင် ထိုင်းခေါင်းဆောင်တွေပါ”

0
1642

ဒေါက်တာ လာလီတာနှင့် မေးမြန်းတင်ဆက်ခြင်း

ထိုင်းနိုင်ငံမှာ အစိုးရသစ် ရှိလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ပဋိပက္ခတွေက ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ဒါတွေက ထိုင်းနဲ့ ထိုင်းလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။

ထိုင်းအစိုးရသစ်အနေနဲ့ ဘယ်လို ထိတွေ့ လုပ်ဆောင်သင့်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က ကထိက ဒေါက်တာ လာလီတာနဲ့ မေးမြန်းတင်ဆက်လိုက်ပါတယ်။

ဒေါက်တာလာလီတာက မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေတဲ့ ထိုင်းသုတေသီ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဒေါက်တာဘွဲ့ကျမ်းကို ဗြိတိသျှခေတ် မြန်မာနိုင်ငံက မှုခင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြုစုခဲ့ပါတယ်။