မြိတ်ကုန်စည်ဈေးကွက်တွင် စားအုန်းဆီဈေးအနည်းငယ်ကျ၊ ဆန်ဈေးတက်နေဆဲ

0
1195

မြိတ်ကုန်စည်ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်း ကျဆင်းလျက်ရှိပြီး ဆန်ဈေးမှာ တက်နေဆဲဖြစ်သည်။

ယခင်အပတ်က ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါး တစ်ပုံးလျှင် ၈‌၅၀၀၀ ကျပ်မှ အများဆုံး ၈၈၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၃၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

သို့သော် ဆန်နှင့် အခြားကုန်စည်ဈေးနှုန်းများ တက်နေဆဲဖြစ်သည်။

ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၅၅၀၀၀ ကျပ်ဈေးရှိရာမှ ၁၅၀၀၀ ကျပ် ထပ်တက်သဖြင့် ၁၇၀၀၀၀ ကျပ်ဖြစ်လာသည်။

ရိုးရိုးပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၅၀၀၀ အထိ မြင့်တက်လာခဲ့သည်။

ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က ၃၂၀၀ ကျပ်မှ ၃၀၀ ကျပ်ထပ်တက်သဖြင့် ၃၅၀၀ ကျပ်ဖြစ်လာခဲ့သည်။

သားငါးဈေးအချို့ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိ မြင့်တက်နေသည်။

ငရုတ်သီးခြောက်ဈေးနှုန်းတို့သည် တစ်ပိဿာလျှင် ယခင်အပတ်ထက် ထောင်ဂဏန်းမျှ ကျဆင်းလာသည်။