လောင်းလုံးတွင် ရှစ်လေးလုံး အထိမ်းအမှတ် လူထုသပိတ်ပြုလုပ်

0
1300
ဓာတ်ပုံ - DDMSC

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။

‘၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ’ စာသားပါ ဘန်နာကိုင်ဆွဲ၍ ချီတက်ခဲ့ကြပြီး ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့သည့် ဒီမိုကရေစီသူရဲကောင်း‌များကို ‌အလေးပြုခဲ့ကြကြောင်း ယင်းကော်မတီက ထုတ်ပြန်သည်။