အောင်လအန်ဆန်းနဲ့ စိတ်မကျေပွဲ ထပ်ထိုးဖို့ကိစ္စကို စိတ်မဝင်စားဘူးလို့ ပြောလိုက်တဲ့ ရိုင်နီရာ

0
1432

နယ်သာလန်သူရဲကောင်းလို့ နာမည်ကြီးတဲ့ ရိုင်နီယာ ဒီရစ်ဒါ ဟာ အောင်လအန်ဆန်းနဲ့ တတိယပွဲစဉ်ထိုးသတ်ဖို့က လတ်တလောမှာ မဖြစ်နိုင်သေးဘူးလို့ ပြောလိုက်ပါတယ်။

ဒီရစ်ဒါဟာ အောင်လအန်ဆန်းနဲ့ အခုမတိုင်ခင် ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲလုံး အနိုင်ရထားတဲ့သူပါ။

လတ်တလောမှာ ရိုင်နီယာနဲ့ထိုးသတ်ခွင့်ရနိုင်ဖို့အတွက် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ရှာမေးလ် အာဒိုဂန်ကလည်း ကြိုးစားလို့နေပါတယ်။

ရိုင်နီယာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ထိုးသတ်တဲ့စိန်ခေါ်ပွဲစဉ်မှာ အနာတိုလေ မာလေခင် ကို အရေးနိမ့်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံရွှေခါးပတ်ကို စွန့်လွှတ်လိုက်ရပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ ရိုင်နီယာဟာ ရွှေခါးပတ်နှစ်ဆုပိုင်ရှင်အဖြစ်ကနေ ရွှေခါးပတ်တစ်ခု ပိုင်ရှင်ဘဝဆီကို ရောက်သွားခဲ့ပါပြီ။

ရှေ့လာမယ့်ပွဲစဉ်ကို ရိုင်နီယာက ဘယ်သူနဲ့ထိုးသတ်မလဲဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။