လောင်းလုံး ကြယ်တောင်တွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်နေ

0
2604

လောင်းလုံးမြို့နယ် ဂေါ့အင်းရွာနှင့် ညင်းမော်ရွာကြားရှိ ကြယ်တောင်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်မှစပြီး ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံအချို့ကပြောသည်။

မြေသယ်ကားလေးစီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“အခုကိုပစ်နေကြတယ်။ အများကြီးအတွဲလိုက်ပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၃ နာရီခန့်က ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်ရှိ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း ဆိုသည်။

ပစ်ခတ်မှု အသေးစိတ်အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။