တမီလ်လူစွမ်းကောင်း စူပါဟီးရိုး Veeran နဲ့ ရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်လိုက်ပြန်တဲ့ အိန္ဒိယ

0
2160

စူပါဟီးရိုး ဇာတ်လမ်းကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ ဒီဇာတ်ကားက ဘာများကောင်းလို့လဲလို့ မေးခွန်းထုတ်စရာရှိကောင်းရှိနိုင်ပါတယ်။

ဘာကောင်းသလဲဆိုတော့ ကိုယ့်ရဲ့အိမ်နီးချင်း အိန္ဒိယရဲ့ရုပ်ရှင်အဆင့်အတန်းက ဘယ်လောက်အထိ ရောက်သွားပြီလဲဆိုတာကို ဒီဇာတ်ကားကြည့်လိုက်ပြီးတာနဲ့ အကဲဖြတ်လို့ ရသွားပါလိမ့်မယ်။ ဒီဇာတ်ကားဟာ ဘောလိဝုဒ်အဆင့်တောင် မရောက်သေးပါဘူး။

တမီလ်ဇာတ်ကားအဆင့်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလောက်အဆင့်ကတောင် CGI Effect တွေနဲ့ အခုလို ဇာတ်လမ်းတွေ ရိုက်ကူးတင်ဆက်လာခဲ့ပြီဆိုတော့ အိမ်နီးချင်း အိန္ဒိယရဲ့ရုပ်ရှင်အဆင့်အတန်းဟာ မြန်မာထက် လုံးဝကို သာလွန်းခြင်းမက သာသွားခဲ့ပြီဆိုတာ ရှုမြင်နိုင်ပါတယ်။

ဇာတ်ကားရဲ့နာမည်ကတော့ Veeran ပါ။ ဒါပေမဲ့ ဟောလိဝုဒ်ဇာတ်ကား ၄ ကားကို ပေါင်းစည်းထားတဲ့ ဇာတ်လမ်းမျိုးဖြစ်နေတာကတော့ ဝေဖန်ချင်စရာဖြစ်လို့နေပါတယ်။