စီရော်နယ်ဒို အကြီးဆုံးသားရဲ့ မိခင်က မက္ကဆီကို မင်းသမီးလား

0
1560

စီရော်နယ်ဒို ဟာ သူ့ရဲ့သားကြီးဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင် ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အခုအချိန်ထိ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

ဒါဟာ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစားရှိနေတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ သားကြီးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာကို ဘယ်အမျိုးသမီးနဲ့ ရရှိခဲ့သလဲဆိုတာ မိသားစုရဲ့အရေးကြီးလှတဲ့ လျှို့ဝှက်ချက်တစ်ရပ်အဖြစ် ထားရှိဆဲပါပဲ။

ဒါကြောင့်လည်း လျှို့ဝှက်ထားလေ လူတွေ ပိုလို့ပိုလို့ သိချင်လေ ဖြစ်လာတာပဲဖြစ်ပါတယ်။

အခုတော့ အမျိုးသမီးတစ်ယောက်က သူဟာ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင်ပါလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါပြီ။

အဲ့ဒီအမျိုးသမီးကတော့ မာသာ ဟီဂါဒီရာ လို့ အမည်ရပါတယ်။ မာသာ ဟီဂါဒီရာ ဟာ မက္ကဆီကိုလူမျိုး သရုပ်ဆောင်မင်းသမီးတစ်လက်ပါ။ အသက်ကတော့ ၃၉ နှစ်အရွယ် ရှိလို့နေပါပြီ။

တကယ်ပဲ သူမဟာ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင် ဖြစ်နေလေမလား။