ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ပြန်လွှတ်နေ

0
6782

လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ယနေ့ နေ့ထက်ဝက်ဖြင့် ပြန်လွှတ်နေကြောင်း မြို့ခံအချို့က ပြောသည်။

နေ့လယ်ကျောင်းတက်ပြီး မကြာမီတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

‌“(မွန်းလွဲ) ၁ နာရီကတည်းက အချို့မိဘတွေ ကျောင်းသွားကြိုနေကြပြီ။ ကျွန်မမှာ ကလေးနှစ်ယောက်က တစ်ယောက် တစ်ကျောင်းဆိုတော့ တစ်ယောက်ပဲကြိုရသေးတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ယနေ့ ‌မွန်းလွဲ ၂ နာရီအချိန်က ပြောဆိုသည်။

ပုဂ္ဂလိကကျောင်းအချို့လည်း အလားတူပြန်လွှတ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ထားဝယ်မြို့အနီး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံ၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံများဖြင့် ဆူညံနေပြီးနောက် ယခုကဲ့ကျောင်းများကို နေ့ထက်ဝက်ဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။