UFC ထိုးသတ်ခွင့်ရ ပထမဆုံး မြန်မာဖိုက်တာ ဂျိုရွှာဗန်ရဲ့စိန်ခေါ်ပွဲ လာပါပြီ

0
1777

ချင်းတိုင်းရင်းသား ကိုယ်ပညာစုံတိုက်ခိုက်ရေးသမား ဂျိုရွှာဗန် ဟာ ဇွန်လ ၂၄ ရက်နေ့ကိုရောက်ရင် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပွဲစဉ် စတင်ထိုးသတ်ပါတော့မယ်။

မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်တဲ့ ဂျိုရွှာဗန်ဟာ အသက် ၁၁ နှစ်အရွယ်ဆီ အရောက်မှာတော့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မြို့ဆီ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

ဂျိုရွှာဗန် ဟာ UFC မှာ ထိုးသတ်ခွင့်ရဖို့အတွက် ခရီးကြမ်းလမ်းကို ဖြတ်ကျော်ချီတက်ခဲ့ရတာပါ။

Fury FC မှာ ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုရွှာဗန် ဟာ UFC မှာ ထိုးသတ်ခွင့်ရတဲ့ ပထမဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်နေပြီလည်း ဖြစ်ပါတယ်။

UFC ပွဲဦးထွက်ပွဲစဉ်အဖြစ် ထိုးသတ်ချိန်မှာ ဂျိုရွှာဗန် ရင်ဆိုင်ရမယ့်သူက ကာဇက်စတန် ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဇူမာဂူလော့ဗ် ပါပဲ။

UFC ပွဲဦးထွက်မှာ ချင်းတိုင်းရင်းသား ဂျိုရွှာဗန် ရလဒ်ကောင်း ရယူနိုင်မလားဆိုတာ စောင့်ကြည့်ကြရပါတော့မယ်။