Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ

0
1167

အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်မားဆုံးပါပဲ။

ဒီပွဲမှာသာ အနိုင်ရလိုက်ရင် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် သမိုင်းသစ်ရေးထိုးတော့မှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်တစ်ရောစာရရှိရေးအတွက် နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို့ အားပြိုင်နေကြတာဟာလည်း စိတ်ဝင်စားစရာပါပဲ။

ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။