ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်

0
2687

ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ကာလအတွင်း၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းတွင် သတင်းများပျံ့နေပြီး တူးတူးနှင့် နီးစပ်သူများကလည်း သတင်းမှန်ကြောင်း အတည်ပြုပြောဆိုနေကြသည်။

မည်သည့်အကြောင်းကြောင့် ကွယ်လွန်သွားသည်ဆိုခြင်းကိုမူ မသိရသေးသလို ယင်းသတင်းအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

တူးတူးသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့ဆုံးမှနေ၍ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်) ကွယ်လွယ်သည့်သတင်းကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်ကြောင်း ရိုးရာလက်ဝှေ့ပရိသတ်များက ရေးသားနေကြသည်။

အသေးစိတ်အခြေအနေကို သိရှိရပါက ဆက်လက်ဖော်ပြသွားပါမည်။