လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
2109

လောင်းလုံးမြို့နယ် ကရင်ကြီးရွာက ဒေသခံရွာသားတစ်ဦး ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးခင်မောင်ဝင်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနေ့ ညနေ ၆နာရီဝန်းကျင်က နေအိမ်တွင်ရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်သံက တစ်ချက်ပဲကြားရတယ်” ဟု ၎င်းက ပြောသည်။

ဦးခင်မောင်ဝင်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။

၎င်း၏ ရုပ်အလောင်းကို ဧပြီ ၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကရင်ကြီးရွာသို့ ပြန်လည်သယ်ဆောင်လာကာ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ပြောသည်။