သဘော့ဆိပ်ရွာသားတစ်ဦး ပစ်သတ်ခံရ

0
2386

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာတွင် လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ သဘော့ဆိပ်ရွာသား အသက် ၂၁ နှစ်အရွယ်ရှိ ကိုစိုးဌေးဆိုသူဖြစ်ကြောင်း ဆိုသည်။

မတ်လ ၂၂ ရက်ညတွင် အမည်မသိလူတစ်စုက ၎င်းကိုနေအိမ်မှ လာရောက်ခေါ်ဆောင်သွားပြီးနောက် မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် သဘော့ဆိပ်ပြင်ကြီးကမ်းခြေတွင် အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက မျက်ခုံးနဲ့ လည်ပင်း၊ နှာတံမှာ သုံးချက်တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုစိုးဌေးဆိုသူမှာ လှေလုပ်သားအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ရုပ်အလောင်းကိုမူ မတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ လာရောက်သယ်ယူသွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။