ကင်ဆာရောဂါကို အနိုင်တိုက်ပြီး ဘဝကို အရှုံးမပေးခဲ့သူ တင်းနစ်မယ်ကြီး

0
2778

သူ့နာမည်က မာတီနာ နတ်ဗ်ရာတီလိုဗာ။ တင်းနစ်လောကရဲ့ဂန္ထဝင် တင်းနစ်မယ်ကြီး။ လက်ရှိမှာ အသက်က ၆၆ နှစ်အရွယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နတ်ဗ်ရာတီလိုဗာ ဟာ သူ့မှာ ကင်ဆာနှစ်ခု ရှိနေပြီဆိုတာကို ဆေးစစ်ချက်အဖြေတွေအရ သိလိုက်ရပါတယ်။ ဖြစ်နေတာက ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာ။

ဂရင်းဆလင်း ချန်ပီယံဆုပေါင်း ၅၉ ခုအထိ ရရှိခဲ့ဖူးတဲ့ ဂန္ထဝင်တင်းနစ်မယ်ကြီး နတ်ဗ်ရာတီလိုဗာ ဟာ အဲ့ဒီလို သိလိုက်ရချိန်မှာ စိတ်ဓာတ်တွေ ဗုန်းဗုန်းပြိုလဲသွားတဲ့အထိ ဖြစ်သွားခဲ့ပါသေးတယ်။ သူမဟာ သေလူဖြစ်သွားပြီလို့ စိတ်ထဲထင်မှတ်လိုက်မိတယ်လို့တောင် နက်ဗ်ရာတီလိုဗာက ထုတ်ဖော်ဝန်ခံခဲ့သေးတာပါ။

အသက် ၆၆ နှစ်အရွယ်မှာ ကင်ဆာရောဂါကို ရင်ဆိုင်ရပြီဆိုရင် တော်ရုံလူက သွေးပျက်သွားပါလိမ့်မယ်။

အခုတော့ ကင်ဆာနှစ်ခုလုံးကို အနိုင်တိုက်ခိုက်ပြီး နက်ဗ်ရာတီလိုဗာ က အားလုံးရဲ့ရှေ့မှောက်ဆီကို ကျန်းမာမှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။

ရဲရင့်စိတ်ဓာတ်နဲ့ ကင်ဆာနှစ်ခုကို အရှုံးမပေးဘဲ အနိုင်ယူခဲ့သူ နက်ဗ်ရာတီလိုဗာ ကို ဒီတစ်ပတ် Dawei Watch ရဲ့အမျိုးသမီးကဏ္ဍကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။