တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၀ ရက်)

0
2163

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်

ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထားဝယ်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အကြောင်း
  • လောင်းလုံးမြို့နယ် သပြေရှောင်ရွာက ရေလုပ်ငန်းတဲတွေကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး ဆိုင်ကယ်တွေကို သိမ်းဆည်းသွားတဲ့ အခြေအနေ
  • စစ်ရေးတင်းမာနေတဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ညဖက်မသွားကြဖို့ ကော်သူးလေတပ်မတော်က သတိပေးလိုက်တဲ့အကြောင်း
  • ပုလောမြို့နယ် မင်းထိန်ရွာက ဒေသခံခြောက်ဆယ်ကျော်စစ်ဆေးခံရပြီး ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်း
  • တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ နေအိမ်တွေိကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
  • ရေး-ထားဝယ်ကားလမ်းပေါ်မှာ အုတ်သယ်ကားတစ်စီး ပစ်ခတ်ခံရလို့ ကားသမား ဒဏ်ရာရသွားတဲ့အကြောင်း
  • မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံကနေ ကော့သောင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တဲ့အကြောင်း
  • မောတောင်နယ်စပ်ဂိတ်ရှိ ကုန်ပစ္စည်းဖလှယ်တဲ့ နေရာကို ယာယီပိတ်မယ်လို့ ထိုင်းဘက်က သတိပေးခဲ့တာစတဲ့သတင်းတွေအပြင်
  • အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးမြောက်နေတဲ့အကြောင်းတွေပါ တင်ဆက်သွားမှာ ဖြစ်ပါတယ်။