မြန်မာ့နွေဦးတော်လှန်ရေးမှာ  မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ ဘရန့်ဖို့ဒ်ကလပ်မှာ အငှားကစားဖို့ ဘက်ခမ်းရဲ့သား စာချုပ်ချုပ်

0
3126

ကမ္ဘာကျော် ဘောလုံးမင်းသားဖြစ်ခဲ့သလို ဒီကနေ့အထိလည်း ပုံရိပ်အရ အောင်မြင်မှုတွေ ရနေဆဲဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယို ဟာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ B အသင်းမှာ အငှားကစားပေးဖို့ စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ရိုမီယိုဟာ သူ့ရဲ့ဖခင် တည်ထောင်ထားတဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီရဲ့ II အသင်းကနေ ဘရန့်ဖို့ဒ် B အသင်းဆီကို အငှားပြောင်းရွှေ့ကစားတာလို့ သတင်းကြားသိရပါတယ်။

 MLS Next Pro လိဂ်ပြိုင်ပွဲမှာ အင်တာမီယာမီ II အသင်းက ပါဝင်ယှဉ်ပြိုင်နေပြီး လက်ရှိမှာ ပြိုင်ပွဲရပ်နားထားချိန်ဖြစ်လို့ ရိုမီယိုက ဘရန့်ဖို့ဒ် B အသင်းဆီကို အငှားပြောင်းရွှေ့ကစားတာလို့ ဆိုပါတယ်။

အသက် ၂၀ အရွယ် ရိုမီယိုဟာ ပြီးခဲ့တဲ့ သုံးလကတည်းက ဘရန့်ဖို့ဒ် အရန်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေခဲ့ပြီး လက်ရှိမှာတော့ ဘရန့်ဖို့ဒ် B အသင်းဆီမှာ ရာသီကုန်ဆုံးချိန်အထိ အငှားကစားဖို့ စာချုပ်ချုပ်လိုက်တာပဲဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကလပ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေကြောင်း တရားဝင် စာထုတ်ပြန်ခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်ပါတယ်။

မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေကြောင်း ဘရန့်ဖို့ဒ်က “ဒီလိုခက်ခဲတဲ့ကာလကြီးမှာ မြန်မာနိုင်ငံက ပြည်သူလူထုနဲ့အတူ ပခုံးချင်းဖက်ပြီး အတူတကွ တညီတညွတ် ရပ်တည်နေပါတယ်”လို့ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ တရားဝင်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။