လပေါ်လွှတ်မည့် နာဆာဂြိုဟ်တုယာဉ် စက်ချို့ယွင်းသဖြင့် လွှတ်တင်ရန် ထပ်မံရွှေ့ဆိုင်း

0
299
ဓာတ်ပုံ - BBC

လ ပေါ်သို့ လွှတ်တင်မည့် NASA (နာဆာ)၏ ဒုံးပျံ Artemis (1) သည် ချို့ယွင်းမှုများကြောင့် ဒုတိယအကြိမ်နောက်ဆုတ် လိုက်ရကြောင်း BBC သိပ္ပံနှင့်နည်းပညာသတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒုံးပျံထိန်းချုပ်သူများက ကြိုးစားခဲ့သော်လည်း ဒုတိယအကြိမ် ချို့ယွင်းမှု ကြုံရပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် ဟု သတင်းထုတ်ပြန်ထားသည်။

အင်ဂျင်နီယာများက ဒုံးပျံကို စစ်ဆေးနေကြပြီး ၊ ပစ်လွှတ်စင်ပေါ်မှာထက် အလုပ်ရုံထဲတွင် စစ်ဆေးမှုများ ဆောင်ရွက်သွားလိုသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ရာ လ ပေါ်သို့ ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကို သီတင်းပတ်ပေါင်းများစွာ နောက်ဆုတ်သွားဖွယ်ရှိသည်။

အောက်တိုဘာလ အလယ်နားအထိ တတိယအကြိမ် ပစ်လွှတ်ရန် ပြင်ဆင်မှုကို မြင်ရဖွယ်မရှိသေးကြောင်း အဆိုပါ သတင်းက ဖော်ပြထားသည်။

ယခုအသုံးပြုသည့် SLS ပစ်ခတ်မှု နည်းပညာသည် အမေရိကန်အာကာသ အေဂျင်စီ၏ ဖန်တီးခဲ့ဖူးသမျှတွင် စွမ်းအားအမြင့်ဆုံးဖြစ်ကာ လ ပေါ်သို့ အာကာသယာဉ်မှူးများ၊ ကိရိယာများကို အနှစ် (၅၀) ကြာပြီးနောက် ပထမဆုံးအကြိမ် တင်ပို့ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

ဟိုက်ဒရိုဂျင် နှင့် အောက်ဆီဂျင် supercold အရည်များကို လီတာ ၃ သန်းအထိ အသုံးပြုကာ အင်ဂျင်လေးလုံး တပ်ထားသော ယာဉ်ဖြင့် လွှတ်တင်မည့် အစီအစဉ်ဖြစ်သည်။