ပုလောတွင် တိုက်ပွဲဖြစ်သဖြင့် ရွာသားများ ထွက်ပြေးနေရ

0
194

ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ ယနေ့ (မတ် ၁၆) နံနက် ၄ နာရီခွဲအချိန်ကစပြီး တိုက်ပွဲဖြစ်နေသည့် အတွက် ဒေသခံရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောကုန်း ပျူစောထီးများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲစတင် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး လက်နက်ကြီးများလည်း ပစ်သဖြင့် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

ပုလောကုန်းရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် ဗုံးဖြင့်ဖောက်ခွဲခံရပြီးနောက် တိုက်ပွဲစတင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ ကြက်တွန်ကတည်းက၊ အခုထိလည်း အသံတွေ ကြားနေရ တုန်းပါ။ နည်းနည်းတော့ လျော့သွားပြီ” ဟု ပုလောကုန်းအုပ်စု၊ ဂျင်းဂါရွာသားတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်က ပြောသည်။

ပစ်ခတ်သံများ နံနက် ၁၁နာရီတွင် ရပ်တန့်သွားကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲတွင် အထိအခိုက်အကျအဆုံးအခြေအနေကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

တြိုကပြှဲကှောင့ြ ပုလောကုနြး အပါအဝငြ အနညြးဆုံး ကွေးရှာသုံးရှာက ဒသခေံမွားထှကပြှေးတိမြး ရှောငနြကှပှေီး ပုလောကုနြးကွေးရှာကမူ ရှာလုံးကွှတနြီးပါး ထှကပြှေးကှောငြး ဒသခေံမွားထံမှ သိရသညြ။

တိုက်ပွဲဖြစ်ပွားနေသည့် ပုလောကုန်းရွာတွင် ယမန်နေ့က ကဒဲရွာတွင် အသတ်ခံရသည့် ဇနီးမောင်နှံဦးကို ယနေ့ နံနက်တွင် သင်္ဂြိုဟ်ရန် ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

ယင်းဇနီးမောင်နှံမှာ ပုလောကုန်းရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ၏ အစ်ကိုတော်စပ်သူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။