ထားဝယ်မှာ ကိုဗစ်ကြောင့် သေဆုံးမှု သုံးရက်ဆက်တိုက်ရှိ

0
229
ပုံစာ - ကိုဗစ်ကြောင့် သေဆုံးသူကို သင်္ဂြိုဟ်ရန် သယ်ထုတ်လာစဉ်

ထားဝယ်တွင် ကိုဗစ်ကြောင့် ယနေ့လည်း သေဆုံးသူတစ်ဦးရှိပြီး သေဆုံးမှု သုံးရက်ဆက်တိုက်ရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၂) ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၅၄ ခန့်ရှိပြီဖြစ်ပြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦး၊ ၂၀ ရက်နေ့တွင် တစ်ဦး၊ ယနေ့ ၂၂ ရက်နေ့တွင် တစ်ဦး ရှိလာခြင်း ဖြစ်သည်။

ဖေ‌ဖော်ဝါရီလ ၂၁ ရက်က တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၉၅ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ် ရောဂါပိုး ကူးစက်ဖြစ်ပွားသူများတွင် ထားဝယ်မြို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်နှင့် ကိုသန့်ဇင်အောင်တို့နှစ်ဦးမှာလည်း ပါဝင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အရေး‌ပေါ်ကူညီသယ်ဆောင်လာသည့် လူနာကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့သဖြင့် ယင်းလူနာကို ကူညီသယ်ဆောင်ပေးခဲ့သည့် ဇမ္ဗူသီရိအဖွဲ့သားအချို့လည်း ကွာရန်တင်းဝင်နေရကြေင်း အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ရုံးလုပ်ငန်းများကို‌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။