ပုလောတွင် ယနေ့ည တိုက်ပွဲဖြစ်နေ

0
462

ပုလောမြို့နယ်၊ ပဝတ်ကုန်းဖျားကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၈) ည ၇ နာရီ ကျော်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။

“အပြန်အလှန်ပဲ ပစ်သံတွေကြားနေရတာ မိနစ်သုံးဆယ်ကျော်ပြီ။ ခုထိ မနားသေးဘူး” ဟု ၎င်းက ဆိုသည်။

ပဝတ်ကုန်းကျေးရွာအနီးရှိ ကဒဲရွာက ပျူစောထီးအဖွဲ့ကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက် နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပျူစောထီးဘက်က တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရခဲ့ပြီး ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ဖြူဖွေး ကျဆုံးခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။

ယနေ့ည လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများအပြင် နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။