ပဋိပက္ခအတွင်း ကြိုတင်ပြင်ဆင်ခြင်း

0
1229

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။ 

အဆိုးဆုံးသော အခြေအနေတွေကို မိသားစုနဲ့ ကြိုတင်ဆွေးနွေး တိုင်ပင်ထားပါ။ ဘယ်အချိန်မဆို အသင့်ထွက်ခွာနိုင်ရမယ်။ အတိုဆုံးနဲ့ အလုံခြုံဆုံးသော ရှောင်တိမ်းရန် လမ်းကြောင်း၊ နေရာကို ကြိုတင် စဉ်းစားထားပါ။ 

အရေးပေါ် သယ်ယူဖို့ ပစ္စည်းပစ္စယများ ကြိုတင်ပြင်ဆင်ထားပါ။ 

ထုပ်ပိုးထားရန် အရေးပေါ် ပစ္စည်းများ  

၁) သောက်သုံးရေ (တစ်ဦးလျှင် သုံးလီတာထက် မနည်း)

၂) သောက်နေကျဆေးဝါးနှင့် အရေးပေါ် ဆေး ပစ္စည်းများ 

၃) အဝတ်အစား နှစ်စုံခန့်နှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းများ

၄) ငွေသား၊ အရေးကြီး စာရွက်စာတမ်းများ (ဥပမာ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း) 

၅) မီးခြစ်၊ ဓာတ်မီး၊ ဓာတ်ခဲ ဓားငယ်၊

၆) ကြိုးတာလပတ်  ရေလုံအိတ်၊

၇) မပုပ်သိုးနိုင်သော အစားအသောက်များ (ဆား၊ သကြား၊ အသင့်စား ခေါက်ဆွဲ စသည် အပါအဝင်) 

၈) ရေဒီယိုအသေး လက်ကိုင်ဖုန်းနှင့် အားသွင်းကိရိယာ။

လေကြောင်း တိုက်ခိုက်မှုအတွင်း ရှောင်ရန်၊ ဆောင်ရန်များ 

ပဋိပက္ခဖြစ်စဉ်အတွင်း လေကြောင်းတိုက်ခိုက်မှုလည်း အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ 

ဆောင်ရန် 

၁) နေအိမ်အဆောက်အအုံအတွင်း အလုံခြုံဆုံးနေရာကို သတ်မှတ်ထားပါ (ဥပမာ ဗုံးခိုကျင်း၊ မြေအောက်ခန်း၊ မြေအောက်ခန်း မရှိပါက ပြတင်းပေါက်နည်းပြီး အကာအကွယ်ပြည့်သော အခန်းများ လုံလေ့ရှိပါတယ်) 

၂) ခိုင်ခန့်စွာ ကပ်နှောင်နိုင်တဲ့ တိတ်ဆောင်ထားပါ (လိုအပ်ပါက ပြတင်းပေါက်ကို ကပ်ပိတ်ထားရန်ဖြစ်ပါတယ်။ ဒီလိုနဲ့ အပြင်ဘက်က တိုက်ခိုက်မှု အရှိန်ကို ခံနိုင်ဖို့ ဖြစ်ပါတယ်) 

၃) တိုက်ခိုက်မှု ဖြစ်လာရင် ခေါင်းပေါ်လက်တင်ပြီး လှဲနေပါ၊ ပါးစပ်ကို အနည်းငယ်ဟထားပါ။

၄) ရေ၊ အစားအသောက် အလုံအလောက် ပြင်ထားပါ။

၅) လျှပ်စစ်မီး ပိတ်ထားပါ။ 

ရှောင်ရန် 

၁) လေထုအတွင်း မကြည့်ရ။

၂) အပြင် ဓာတ်ပုံ ထွက်မရိုက်ရ။

၃) ပြတင်းပေါက်နားမှာ ခိုမနေရ။

၄) နံရံပေါ်မှာ မှီနေ၊ ထိနေတာ မလုပ်ရ။

၅) လူအများအပြား စုဝေးမနေရ။ (အထူးသဖြင့် ဟင်းလင်းပြင်တွင်)

၆) မျက်လုံး မဖွင့်ထားရ။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

Ref: kam.lt, WHO