မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတွင် ပြည်သူများ ကားမှန်ချမောင်းရန် PDF စာထုတ်

0
557

မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတစ်လျှောက် သွားလာနေကြသည့် မော်တော်ယာဉ်များ မှန်ချပြီး မောင်းနှင်သွားလာကြရန် တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တနင်္သာရီမြို့နယ် TYF-PDF) ထုတ်ပြန်ကြေညာထားသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ စ၍ မည်သည့်အဖွဲ့အစည်းပိုင် မော်တော်ယာဉ်မဆို မှန်ချပြီးမောင်းနှင်ကြရန်၊ စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မလိုက်ကြရန် ထုတ်ပြန်ထားသည်။

အကယ်၍ ကားမှန်မချဘဲ သွားလာလျှင် စစ်ကောင်စီတပ်က အသုံးပြုနေသည့် ယာဉ်များနှင့် မှားယွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ကျေးရွာအချို့သို့ တပ်ချိန်း တပ်ပြောင်းလုပ်ရာတွင်လည်းကောင်း၊ တပ်အင်အား ဖြည့်တင်းခြင်းနှင့် တပ်ရိက္ခာသယ်ဆောင်ရာတွင်လည်းကောင်း ယင်းလမ်းမကြီးကို အသုံးပြုနေကြသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။