ရေဖြူတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

0
597

ရေဖြူမြို့နယ် တလိုင်းယာချောင်းဝရွာအနီး မိုင်တိုင် ၁၉-၂၀ တွင် စစ်ကောင်စီကားကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း YePhyu-PDF အဖွဲ့က ထုတ်ပြန်ထားသည်။

သင်တန်းဆင်းများ ပြန်လာသည့် (ခ.မ.ရ-၄၀၈) တပ်ရင်းကကားဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အများပြည်သူကို အမြဲနှောက်ယှက်နေသဖြင့် ကလိန်အောင်မြို့ရှိ (ခ.မ.ရ-၄၀၈) တပ်ရင်းက ကားကို တိုက်ခိုက်ခြင်းဖြစ်သည်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူ မည်မျှရှိသည်ကို အတည် မပြုနိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုသည်။