ထားဝယ်မြို့လယ်ခေါင် လမ်းဆုံကြီးတွင် ဗုံးပေါက်

0
285

ထားဝယ်မြို့လယ်ခေါင် လမ်းဆုံကြီးမီးပွိုင့်တွင် ချိတ်ဆွဲထားသည့် သပိတ်စာပြားကို ယနေ့ နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာဖြုတ်စဉ် ဗုံးပေါက်ကွဲကြောင်း မြို့ခံတစ်ဦးက ပြောသည်။

လမ်းဆုံကြီးမီးပွိုင့်တွင် ချိတ်ဆွဲထားသည့် ‘သွေးကြေးဆပ်မည်’ ဆိုသည့် သပိတ်စာပြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (ဒီဇင်ဘာ ၂၆) နံနက်က လာဖြုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားပြည်သူ ထိခိုက်မှုရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း သီးခြားအတည် မပြုနိုင်သေးပါ။

အရပ်သားပြည်သူတွင် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။