သရက်ချောင်းမြို့နယ် NLD ပါတီရုံးတွင် မီးရှို့ခံရ

0
155

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးမီးရှို့ခံရကြောင်း ဒေသခံအချို့ထံက သိရသည်။

အောက်တိုဘာလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးရှို့ခံရပြီး စာရွက် စာတမ်းအချို့နှင့် အဆောက်အအုံ ရှေ့အစိတ်အပိုင်းတစ်ချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

သရက်ချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ကမူ NLD ပါတီရုံးအစိတ်အပိုင်းအချို့သာ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ရောက်ရှိချိန်တွင် မီးကြွင်း မီးကျန်လောက်သာ ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

ပါတီရုံးမီးရှို့ခံရသည့်ဖြစ်စဉ်နှင့်ပက်သက်ပြီး မည်သူ မည်ဝါရှို့သည်ကို မသိရကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။