ကျေးဇူးတော် နေအိမ်အချို့ ဖျက်ဆီးခံရ၊ PDF သတင်းပေးပါဟုဆို

0
299
ဓာတ်ပုံ - ကျေးဇူးတော်ကျေးရွာ တစ်နေရာ

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ဒေသ ကျေးဇူးတော်ရွာအတွင်းသို့ ဩဂုတ်လ ၂၇ ရက်က စစ်တပ်က ဝင်ရောက်လာပြီး နောက်တစ်နေ့ ၂၈ ရက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယင်းသို့ ထွက်ခွာသွားပြီးနောက် ကျေးဇူးတော်ရွာအတွင်း နေအိမ်အချို့ ရှာဖွေဖျက်ဆီးခံထားရပြီး PDF များကို သတင်းပေးရန် စာရွက်များ ကပ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဒေသခံများမှာ ယနေ့အထိ နေအိမ်မပြန်ရဲကြသေးဘဲ တောတောင် ဥယျာဉ်များအတွင်း တိမ်းရှောင်းနေကြဆဲဖြစ်ပြီး ကနဦးရွာအခြေအနေ သွားရောက်စုံစမ်းခဲ့သူတို့က နေအိမ်အချို့ ဖျက်ဆီးခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

နေအိမ်မှာကပ်ထားခဲ့သည့်စာများတွင် PDF များလက်နက်ချရန်နှင့် လက်နက်မချပါက လက်စတုန်းချေးမှုန်းမည့်အကြောင်း၊ NLD ပါတီက မဲလိမ်၊ မဲခိုးခဲ့ကြောင်း၊ PDF များက မြို့ရွာများ တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားပြီး သတင်းပေးရမည့် ဖုန်းနံပါတ်နှစ်လုံးလည်း ပါဝင်သည်။

ကျေးဇူးတော်ကျေးရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်ခန့် ဝေးကွာပြီး ရေဖြူမြို့နယ်ရှိ ကရင်းတိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာဖြစ်သည်။

ရွာသားများမှ ယခင်ကလည်း စစ်ဘေးဒဏ်ကို ခံစားခဲ့ဖူးသူများဖြစ်သည်။ 

ဓာတ်ပုံ- ကျေးဇူးတော်ကျေးရွာ တစ်နေရာ