စစ်ပြဲရွာမှ ဖမ်းဆီးခံ အမျိုးသမီးလေးဦး ပြန်လွတ်လာ

0
174

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် ဩဂုတ်လ  ၂၉ ရက်နေ့က ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသော အမျိုးသမီးလေးဦးကို ယင်းနေ့ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။

လောင်းလုံးမြို့မ ရဲစခန်းတွင် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆန္ဒပြပါက လွှတ်ပေးတော့မည်မဟုတ်ကြောင်း စစ်ဆေးသူများက ပြောဆိုကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ညကတော့ လက်မှတ်မထိုးခိုင်းဘူး။ မနက်ကျမှ လက်မှတ်သွားထိုးရတယ် နောက် ဆန္ဒမပြဖို့ မှာလိုက်တယ်”ဟု အထက်ပါအမျိုးသမီးကဆိုသည်။

အဆိုပါအမျိုးသမီး လေးဦးမှာ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းနေ့က ဆွေမျိုးတော်စပ်သူထံ သွားရောက်ရာမှ စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ပြီး အချို့ကမူ  နာရေးကူညီမှုအသင်းမှ အပြန်တွင် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဆိုသည်။