ရနောင်းရှိ မြန်မာအလုပ်သမား ၆၀ ကျော်အား ကော့သောင်း ပြန်ပို့

0
665

တနင်္သာရီတိုင်း ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးတွင် ထိန်းသိမ်းခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော်အား ဇွန်လ ၃၀ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆၁ ဦးပါရှိကြောင်း ကော့သောင်းမြို့ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ သိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားတို့မှာ ကိုဗစ် တာဆီးကာကွယ်ရေး ကွာရီတင်းစင်တာသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

လက်ရှိ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးတွင် ထိန်းသိမ်းထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၇ ဦးကျန်ရှိနေသေးကြောင်း သိရသည်။