တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ လာရောက်မည်ဆိုက ၁၀ ရက် ကြိုလျှောက်ရမည်

0
152
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ လာရောက် မည်ဆိုက ခရိုင်၊ မြို့နယ် COVID-19
ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တဆင့် တိုင်းဒေသကြီးကိုဗစ်ကော်မတီသို့ ၁၀ ရက် ကြိုတင် လျှောက်ထားရန် လိုအပ်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီးပြင်ပမှ လုပ်သားများခေါ်ယူပါက Tesk Kit စစ်ဆေးပြီး COVID-19 ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရ မည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်း၏ အစီအစဉ်ဖြင့် Facility Quarantine ထားရှိရမည် ဆိုသည့် လုပ်ငန်းရှင်၏ တာဝန်ခံချက်၊ Quarantine ထားရှိမှုကို မြို့နယ်ကိုဗစ်ကော်မတီ၏ ထောက်ခံချက်၊ ဝင်ရောက်လာသူ၏ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံစာနှင့် ဖြတ်သန်းလာမည့် လမ်းကြောင်း အစီအစဉ်စသည့် အထောက်အထားများ ပါရှိရမည် ဖြစ်သည်။

ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အခြားသောပုဂ္ဂိုလ် များမှ ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းများ၊ တင်ဒါယှဉ်ပြိုင်ခြင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီနှင့်တွေ့ဆုံရန် ဌာနဆိုင်ရာရုံးကိစ္စဖြင့် လာရောက်သူများသည် သက်ဆိုင်ရာဌာန၏ မှန်ကန်ကြောင်းထောက်ခံချက်နှင့် လာရောက်မည့် နေ့ရက်၊ ပြန်လည်ထွက်ခွာမည့်နေ့ရက်တို့ ရှိရမည် ဖြစ်သည်။

ထို့အပြင် သာရေး၊ နာရေး၊ လူမှုရေးကိစ္စရပ် များဖြင့် လာရောက်သူများသည် ခိုင်လုံသော အထောက်အထား ပြသနိုင်ရမည်ဖြစ်ပြီး RT-PCR Test odkY Rapid Antigen Diagnostic Tesk Kit ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက သို့မဟုတ် အစိုးရဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများမှ စစ်ဆေးထားသည့် COVID-19 ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

တာဝန်ဖြင့် ဝင်/ထွက်ခြင်း ပြောင်းရွှေ့ခြင်းနှင့် လာရောက်ခြင်းဆောင်ရွက်သည့် ဝန်ထမ်း၊ ဝန်ထမ်း မိသားစုများသည် လေကြောင်း (သို့) မော်တော်ယာဉ်ဖြင့် လာရောက်သူများအနေဖြင့် Rapid Antigen Diagnostic Tesk Kit ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက သို့မဟုတ် အစိုးရဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများမှ စစ်ဆေးထားသည့် COVID-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာဌာန၏ စာရွက်စာတမ်းအထောက် အထားပြသနိုင်ရမည်ဖြစ်သည်။

ယင်းအပြင် ဌာနဆိုင်ရာလိုင်းခန်းနှင့် ဝန်ထမ်း အိမ်ရာတို့တွင် မိမိအစီအစဉ်ဖြင့် ကွာရန်တင်းနေ ထိုင်ရမည်ဖြစ်ပြီး သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံအရသာ ပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှ သာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည်ဟု ထုတ်ပြန် ချက်က ဆိုသည်။

တိုင်းဒေသကြီးသို့ လာရောက်မည့်သူများ အနေဖြင့် စာရွက်စာတမ်း အထောက်အထားများဖြင့် ဝင်ရောက်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထပ်မံ၍ အသိပေးကြေညာထားသည်။