အာဏာသိမ်း ဆန့်ကျင်ရေး ထားဝယ်တွင် ပထမဆုံးအကြိမ်ဆန္ဒပြ

0
329
အာဏာသိမ်း ဆန့်ကျင်ရေး ထားဝယ်တွင် ပထမဆုံးအကြိမ်ဆန္ဒပြ

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့အတွင်း စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် ပထမဆုံး အကြိမ်ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

ထားဝယ်ဒေသခံလူငယ်ငါးဆယ် ဦးခန့်ပါဝင်ပြီး ရှမ္မလည်ဆွဲလမ်းဆုံမှ အထက ၃ ကျောင်းရှေ့အထိ အသွားအပြန် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

အဆိုပါ ပထမဆုံးဆန္ဒပြပွဲတွင် ဒေါင်းအလံများကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ နိုင်ငံ တော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး အစရှိသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒပြချိန် ၁၅ မိနစ် ခန့် ကြာမြင့်ပြီးနောက် ရှမ္မလည်ဆွဲ လမ်းဆုံသို့ ပြန်ရောက်ချိန်တွင်မူ လူစု ခွဲခဲ့ကြသည်။

မကြာမီ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာခဲ့သော်လည်း ယင်းနေရာတွင် ဖမ်းဆီးထိန်းသိမ်းမှု မရှိခဲ့ပေ။

ထားဝယ်မြို့အပြင် ဘုတ်ပြင်းမြို့တွင်လည်း ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။