တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက် ခုနစ်ဆယ်နီးပါးချပေး

0
154
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း အသေးစား၊ လက်လုပ်လက်စား၊ အလတ်စား၊ အကြီးစား သတ္တုလုပ်ကွက်စုစုပေါင်း ခုနစ်ဆယ်နီးပါးကို ထုတ်ပေးထားကြောင်း တိုင်းသတ္တုတွင်းဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ စာရင်းအရ သိရသည်။

အကြီးစားတူးဖော်ခွင့် ၁၈ ကွက်၊ အလတ်စားတူးဖော်ခွင့် ၉ ကွက်၊ အသေး စားဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့် ၄၀ ကွက်၊ လက်လုပ်လက်စား နှစ်ကွက် စုစုပေါင်း ၆၉ ကွက်ကို ခွင့်ပြုပေးထား ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသာမြတ်ကျော်က ပြောသည်။

အသေးစားနှင့် လက်လုပ်လက်စားကို တိုင်းအစိုးရမှ ခွင့်ပြုချက်ထုတ်ပေးပြီး အလတ်စားနှင့် အကြီးစားကို ပြည်ထောင် စုအဆင့် အစိုးရအဖွဲ့မှ ထုတ်ပေးခြင်း ဖြစ်သည်။

လက်လုပ်လက်စားအတွက် လျှောက်ထားသည်မှာ ၆၈ ကွက်ရှိသည်။ ယင်းတို့အနက် ၄၉ ကွက်ကို ပယ်ဖျက်ထားပြီး နှစ်ကွက်ကို ခွင့်ပြုမိန့်ထုတ်ပေးထား ခြင်းဖြစ်သည်။ ခုနစ်ကွက်မှာ မြေယာ အခြားနည်းအသုံးပြုခွင့်ရမှ ထုတ်ပေးမည်ဖြစ်ပြီး ကျန် ၁၀ ကွက်မှာ မြို့နယ် အဆင့်တွင် သောင်တင်နေသည်။

အသေးစားဓာတ်သတ္တုစမ်းသပ် တိုင်းတာရန်အတွက် လျှောက်ထားသည့် စုစုပေါင်း လုပ်ကွက် ၁၅၈ ကွက်ရှိသည်။ ယင်းလုပ်ကွက်များအနက် ၁၈ ကွက်ကို ပယ်ဖျက်ထားပြီး ၄၀ ကွက်ကို စမ်းသပ်တိုင်းတာရန် ထုတ်ပေးထားခြင်းဖြစ်သည်။ ၃၇ ကွက်မှာ တိုင်းအစိုးရထံ တင်ပြရန်ကျန်နေပြီး မြို့နယ်အဆင့်မှ တက်မလာသေးသည်မှာ ၈၁ ကွက်ကျန် နေသည်။

အလတ်စားလုပ်ကွက် ကိုးကွက်မှာ အသေးစားလုပ်ကွက်မှ အလတ်စားလုပ် ကွက်သို့ ကူးပြောင်းလျှောက်ထားသဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းအလတ် စားလုပ်ကွက်များမှာ ထားဝယ်ခရိုင်တွင် လေးကွက်ရှိပြီး မြိတ်ခရိုင်တွင် ငါး ကွက်ရှိသည်။

အကြီးစားတူးဖော်ခွင့်လုပ်ကွက် ၁၈ ကွက်မှာ ယခင်ကအတိုင်း ပြောင်းလဲမှုမရှိကြောင်း တိုင်းသတ္တုတွင်းဦးစီး ဌာနထံမှ သိရသည်။

ကျော်သူစိုး