မောင်းမကန်လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာခင်းမည်

0
155
Dawei Watch, Dawei News, Dawei News Media

မောင်းမကန်သို့ သွားသည့်လမ်း တွင် လမ်းပိုင်းနေရာအချို့၌ နိုင်လွန်ကတ္တရာ AC ခင်းမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။

အကြမ်းအားဖြင့် ထားဝယ်တက္ကသိုလ် ရှေ့မှ ကမြောကင်းအထက်တန်းကျောင်း အနီးထိ နှစ်ကီလိုမီတာခန့်ကို ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ထိုလမ်းပိုင်းအား AC ခင်းရန် ငွေကျပ် ၆၉၆ သန်းဝန်းကျင် သုံးစွဲမည်ဖြစ်ပြီး လက်ရှိတွင် ကုန်းအတက်/ အဆင်း နေရာများကို မြေညှိထားပြီးဖြစ်သည်။

ထိုကဲ့သို့ မြေညှိထားသည့်နေရာများတွင် ရေမြောင်းကိုပါ လုပ်ဆောင်နိုင်ရန် လျာထားကြောင်း မြို့နယ်လမ်းဦးစီး ဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဆိုသည်။

“ကုန်းဖြစ်ပြီး ကျန်ခဲ့တဲ့တချို့ နေရာတွေမှာ အုတ်ရိုးစီရေမြောင်းလုပ်ပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဘတ်ဂျက်လျာထားတယ်” ဟု ၎င်းက ပြောသည်။

ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ အရှိန်ပြင်းဖြတ်သန်းသွားလာမှုများကြောင့် ဝေဖန်ပြောဆိုမှု များလည်း ရှိခဲ့သည်။

ဟိဏ်းဇော်