ကျွန်းစုရေပြင်တွင် အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်တွေ့

0
291
အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်

မြိတ်ခရိုင် ကျွန်းစုမြိုနယ်၊ ဝဲကျွန်း ကျေးရွာ၊ သဲဂလပ်အလုပ်စခန်းအနီးရှိ ပင်လယ်ရေပြင်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အရှည် ၂၆ ပေ၊ လုံးပတ် ၁၂ ပေ ရှိ ဝေလငါးမန်း (Whale Shark)ဟု ယူဆရသည့် ငါးအမ အသေတစ် ကောင်တွေ့ ရှိခဲ့ကြောင်း ယင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးညီညီ လင်းထွဋ်ထံမှ သိရသည်။

အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်
အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်

သဲဂလပ်အလုပ်စခန်းအနီးရှိ ပင်လယ် ရေပြင်တွင် ပုတ်ပွလျက် မျောနေသည်မှာ ခုနစ်ရက်ခန့်ရှိနေပြီး ငါး၏ ဦးခေါင်း နောက်ကျောဘက်တွင် တစ်ပေခန့်ရှိ ထိခိုက်ဒဏ်ရာတစ်ခုရှိနေကာ အဆိုပါ ငါးကိုတွေ့ရှိသည့် နေရာသည် ရေစီးကြမ်းပြီး ဝဲဂယက်များရှိနေကြောင်း ၎င်းက ဆိုသည်။

ဝေလငမန်းဟု ခန့်မှန်းထားသော်လည်း ငါးအမျိုးအစားအား အတည်ပြုနိုင်ရန် မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနကို အချက်အလက်များ ပေးပို့ထားကာ အကြောင်းမပြန်သေးကြောင်း ဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောပြသည်။

အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်

အဆိုပါ ငါးတွေ့ရှိသည့် သဲဂလပ် အလုပ်စခန်းအနီးမှ ဝဲကျွန်းရွာဘက်ရှိ သင်းချိုင်းတောင်သို့ ဆွဲယူကာ မှတ်တမ်း ယူခြင်းတို့ပြုလုပ်ခဲ့ပြီး သဲသောင်ပြင်တစ် နေရာတွင် မြှုပ်နှံခဲ့သည်။

ဒေသအခေါ် ဝစီပျောက်ငါး (Whale Shark) ဝေလငါးမန်းတို့မှာ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းပိုက်များတွင် မိလျက်သေဆုံးနေခြင်းနှင့် ကမ်းစပ်သို့တင်လျက် သေဆုံးနေသည်ကို မကြာမကြာ တွေ့ရှိနေရကြောင်း ဒေသခံများထံမှသိရသည်။

မြင့်မိုရ်(မြိတ်)