ကော့သောင်းတွင် ကွာရန်တင်းဝင် အမျိုးသမီးနှစ်ဦး ကိုယ့်သဘောဖြင့်ကိုယ် အပြင်ထွက်

0
160
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာ ဘောလုံးကွင်းရှိ ကွာရန်တင်း စင်တာမှ အမျိုးသမီးနှစ်ဦးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က မိမိတို့ သဘောဆန္ဒဖြင့် ပြင်ပသို့ထွက်ခွာခဲ့ကြောင်း ယင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးဇင်ကိုဦး ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကွာရန်တင်းရက်ပြည့်မည်ဖြစ်ပြီး အပြင်သို့ ထွက်ခွင့်ရှိသည်အထင်ဖြင့် ထွက်သွားခြင်းဖြစ်ကြောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးဇင်ကိုဦးက ပြောပြသည်။

“အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ ထွက်သွားကြတာ” ဟု ၎င်းက ပြော သည်။

ကွာရန်တင်းစင်တာမှ ပြင်ပသို့ ထွက်ခွာသူနှစ်ဦးအနက် တစ်ဦးမှာ နေရပ်ဖြစ်သည့် မြိတ်သို့ပြန်ရန် လိုအပ် သည့်ပစ္စည်းများအား ကော့သောင်းမြို့ပေါ်တွင် သွားရောက်ဝယ်ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ကျေးရွာသို့ ပြန်ခဲ့ခြင်းကာ နာရီပိုင်းအတွင်း ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ သည်။

ပူလုံးတုံတုံးကျေးရွာ ကွာရန်တင်း စင်တာတွင် ကွာရန်တင်းဝင်သူ ၁၃ ဦး ရှိကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)