ဖိုးဖိုးကျောက်ကမ်းခြေတွင် စားသောက်ဆိုင်အချို့သာ ဖွင့်ခွင့်ရသေးသည့်အပေါ် ဝေဖန်

0
429

လောင်းလုံးမြို့နယ်ရှိ ဖိုးဖိုးကမ်းခြေတွင် စားသောက်ဆိုင်အားလုံး တန်းတူဖွင့်ခွင့်မရသေးခြင်းအပေါ် စားသောက် ဆိုင်ပိုင်ရှင်အချို့က ဝေဖန်နေကြသည်။

ဖိုးဖိုးကျောက်ကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်လိုက ရွာအုပ်ချုပ်ရေးမှူးထံ စာရင်းပေးရမည်

ညောပြင်ကျေးရွာပိုင်တစ်ခုဖြစ်သော ဖိုးကျောက်ကမ်းခြေဆင်းလမ်း ကျောက်ဆောင်းများပေါ်တွင်ဖွင့်ထားသော ဆိုင်များမှာ ဖွင့်ခွင့်ရနေသော်လည်း ကျောက်တွင်းကျေးရွာပိုင်ဖြစ်သည့် သဲသောင်ပြင်က စားသောက်ဆိုင်များမှာမူ ဖွင့်ခွင့်မရသေးသည့်အပေါ်တွင် ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။

သဲသောင်ပြင်က စားသောက်ဆိုင် ပိုင်ရှင်များသည် ကျောင်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တစ်ရာသီစာ ယာယီဈေးရောင်းချခွင့်ကို ဒီဇင်ဘာလ ၃ ရက်က လျှောက်ထားခဲ့ရသည်။

ယင်းသို့လျှောက်ထားခဲ့သော်လည်း ဒီဇင်ဘာလ ၁၁ ရက်အထိ အုပ်ချုပ်ရေးမှူးဘက်က လာရောက် နေရာချထားပေးခြင်း မရှိသေးသဖြင့် စားသောက်ဆိုင်ပိုင်ရှင်အချို့က ဝေဖန် နေကြခြင်းလည်းဖြစ်သည်။

ဖိုးဖိုးကျောက်ကမ်းခြေ အမှိုက်ကိစ္စ ကြပ်မတ်မည်

ညောပြင်ကျေးရွာပိုင် ကျောက်ဆောင်များပေါ်ဖွင့်ထားသည့်ဆိုင်များမှာ လျှောက်ထားစရာမလိုဘဲ ယခင်တိုင်း ရောင်းချနေကြောင်း စားသောက်ဆိုင်ပိုင် ရှင်အချို့ထံမှ သိရသည်။

“အခုက ကမ်းခြေကို ဧည့်သည်တွေ လာနေကြတော့ ကျွန်မတို့လည်း ရောင်းချင်တာပေါ့။ အခုက အခုထိကို နေရာ လာမလုပ်ပေးသေးဘူး။ သူများတွေ ရောင်းရင် ကျွန်မတို့လည်း ရောင်းလို့ရအောင် လုပ်ပေးသင့်တယ်” ဟု ဆိုင်ရောင်း ချခွင့်မရသေးသည့် ဒေါ်ဟေမာဝင်းက ပြောသည်။

ယင်းကိစ္စအား မေးမြန်းနိုင်ရန် ကျောက်တွင်းကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်တွင် စားသောက်ဆိုင် နှစ်ဆယ်ခန့် ရောင်းချလေ့ရှိသည်။

စားသောက်ဆိုင်ပိုင်ရှင်အချို့က ရောင်းချခွင့်ရရန် တောင်းဆိုနေသော်လည်း အမှတ်တကယ်တွင် ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို အစိုးရ က ပိတ်ပင်ထားဆဲဖြစ်သည်။

ကမ်းခြေများထံ သွားရောက်လည်ပတ်နေသည့် ကိစ္စကိုလည်း တိုင်းအစိုးရက ပြန်လည်ကြပ်မတ်ဆောင်ရွက်သွားရန် စီစဉ်နေသည်။

ကျော်သူစိုး