ကိုဗစ်ကာလ အလုပ်လက်မဲ့တစ်ဦး ဆွဲကြိုးချသတ်သေ

0
484
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက် ပွေနေသည့် အမျိုးသားတစ်ဦး ဆွဲကြိုးချ သတ်သေသည့် ဖြစ်စဉ်တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သဘော့လိပ်ကျေးရွာတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူသည် သေဆုံးသူသည် အသက် ၂၂ အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်က ကုမ္ပဏီတစ်ခုတွင် စက်ပြုပြင်သည့် အလုပ်ကို လုပ်ကိုင်နေခဲ့ကာ ကိုဗစ်ကာလအတွင်း ကုမ္ပဏီ ပိတ်ထားသဖြင့် အလုပ်လက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ကြောင်း သဘော့လိပ် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။

အခင်းမဖြစ်မီနေ့ ဒီဇင်ဘာလ ၄ ရက်က အလုပ်မရှိသည့် ကိစ္စဖြင့် လင်မယားချင်းစကားများခဲ့သည့်အပြင် မိဘတို့ကလည်း ဆူပူခဲ့သေးကြောင်း ဦးအေးလွင်က ဆိုသည်။

ယင်းသို့ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဆွဲကြိုးချသေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် တစ်နှစ်အရွယ် ကလေးတစ်ဦးလည်း ရှိသည်။

“ကိုဗစ်ကာလအလုပ်မရှိတာ‌ရယ်၊ အကြွေးကလည်းရှိ‌‌နေတာကြောင့်ရယ်၊ အ‌မေက ဆဲဆိုတာ‌ကြောင့်ရယ် ဆွဲကြိုးချ သတ်တာဖြစ်မယ်” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ကမူ ယင်းဆွဲကြိုးချ သတ်သေသည့်ကိစ္စအား အသေးစိတ်သိရရန် စုံးစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း တနင်္သာရီမြို့နယ်တွင် ဆွဲကြိုးချသတ်သေသည့် အမှု ၁၄ မှုရှိကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

အောင်ဆန်းဦး