တနင်္သာရီမြို့နယ် ရေတံခွန် လည်ပတ်ခွင့်ပိတ်

0
604

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာအကြားရှိ ရေတံခွန်တွင် လူစုလူဝေးများဖြင့် လည်ပတ်နေကြသည့်အတွက် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ဝင်ခွင့်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံမှ သိရသည်။

အဆိုပါ ရေတံခွန်သို့ ယခုလပိုင်းအတွင်းမှစပြီး စနေနှင့် တနင်္ဂနွေ‌နေ့နှင့် အားလပ်ရက်တို့တွင် ရပ်ဝေး/ရပ်နီးမှ လာရောက်လည်ပတ်သူများဖြင့် စည်းကားနေကြောင်း ဘန်းလမွတ်ကျေးရွာနေသူတို့မှ သိရသည်။

“လူက အရမ်းများတယ်။ ဘာမှ မဖြစ်ရင် ကိစ္စမရှိဘူးပေါ့” ဟု တနင်္သာရီ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။

မြိတ်မီးလင်းရေးကုမ္ပဏီ မြေယာလုပ်ပိုင်ခွင့် မရသေးဟုဆို

ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်နေကြခြင်းနှင့် အလည်ပတ်လာသူတို့အကြား ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားမည်စိုးသည့်အတွက် ပိတ်ခိုင်းထားရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောပြသည်။

“အာဇာနည်နေ့တုန်းကဆိုရင် ကားတွေနဲ့ လာကြတာ လူတော်တော် ပေါတယ်” ဟု ဘန်းလမွတ်ရွာနေ ဦးစိုးသိန်းက ပြောသည်။

အဆိုပါ ရေတံခွန်အား ကိုဗစ်ကာလ ပြီးဆုံးချိန်တွင် ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။

မြင့်မိုရ်(မြိတ်)