လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူ မမိသေး

0
1372

လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်သူကို မမိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် တရားခံဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ဖမ်းမိရန် နီးစပ်နေပြီဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ပြင်ပတွင်မူ လူသတ်တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။

“လက်ရှိကတော့ သတင်းအစအန ဆွဲထုတ်နေတုန်းပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ်

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ကာ အလေးအနက်ထား လုပ်ဆောင်နေပြီး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ပြောဆို ထားသည်။

လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် အခင်းဖြစ်နေအိမ်မှ ဆိုင်ကယ်ကို စီးယူသွားပြီး ထားဝယ် ကမ်းနားဈေးအနီးတွင် ရပ်နားထားခဲ့သည်။