တာဝန်ခံမှု Vs လျှို့ဝှက်ချက်

0
663

တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ရဲဝံ့သော သဘောထားမှတ်ချက်ကို ကြိုဆိုဂုဏ်ပြုရမည်ဖြစ်သည်။

ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ် သက်တမ်းတိုး ခွင့်မပြုသင့်ဟု တိုင်းအစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ပေးပို့လိုက်သည်။အဆိုပါကုမ္ပဏီသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းလိုက်နာမှု အားနည်းသည်ဟုဆိုကာ ဆက်လက်လုပ်ကိုင်ခွင့် မပြုသင့်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောထားပေးလိုက်ခြင်း ဖြစ်သည်။

ထိုသို့သော ရဲဝံ့သော သဘောထားသည် ပြည်ထောင်စု အစိုးရ အဖွဲ့က အဆိုပါကုမ္ပဏီကို ဆက်လုပ်ခွင့် မပြုသင့်ကြောင်း နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာတွင် များစွာအရေးပါသော ထည့်သွင်းစဉ်းစားချက်ဖြစ်သွားစေသည်။

ထိုအပြင် ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေသော လုပ်ငန်းဖြစ်သည်နှင့် အညီ ပြည်သူ့သဘောထားကို ထင်ဟပ်စေသော သဘောထားအဖြစ် ကောက်ယူနိုင်သည်။ ထိုသို့သော သဘောထားကို လူသိရှင်ကြား အသိပေးသဖြင့်လည်း များစွာကြိုဆိုရမည့် အရေးဖြစ်သည်။

သို့သော် နောက်ထပ် အရေးကိစ္စတစ်ခုတွင်မူ တစ်မျိုး တစ်ဘာသာ ဖြစ်သွားသည်။

ထားဝယ်ဒေသရှိ အလှပဆုံးနေရာများ အနက်တစ်ခုဖြစ်သော လောင်းလုံးကျွန်းဆွယ်ရှိ ပဲ့စင်ကျွန်းတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွက် မြေလျှောက်ထားရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မည်သို့ သဘောထားပေးခဲ့သည်ဆိုသည်မှာ ‘အထူးလျှို့ဝှက်’ ဟု ဆိုပြန်လေသည်။

ပဲ့စငကြွှနြးတှငြ လာရောကလြုပကြိုငရြနြ လေ ွှာကထြားသော ကုမျပဏီမှာ ပဲ့စငကြွှနြး အပါအဝငြ လောငြးလုံးကွှနြးဆှယရြှိ အခှားကွှနြးမွား၊ ကမြးခှနရေောမွားကို လုပကြိုငခြှင့လြွှောကထြားခဲ့ပှီး ထားဝယဒြသခေံမွားက ကန့ကြှကထြားသညြ။

ထိုသို့သော ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးလိုက်ပါက ဒေသခံများ မိရိုးဖလာ လုပ်ကိုင်စားသောက်၊ နေထိုင်နေသော နေရာများ၊ ငါးဖမ်းလှေများ နားခိုရန် နေရာများ၊ ရေချိုထုတ်ယူသုံးစွဲသော နေရာများ ပျက်ယွင်းသွားနိုင်ခြင်း၊ အကယ်၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ပေးလိုပါက ဒေသခံအခြေပြု ခရီးသွားလုပ်ငန်းသာ ဖော်ဆောင်သင့်ကြောင်း ဒေသခံတို့က ကန့်ကွက် အရေးဆိုထားသည်။

ထိုသို့ ဒေသခံများ ကန့်ကွက်နေသော လုပ်ငန်းများနှင့် ပတ်သက်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှာ အထူးလျှို့ဝှက်ဟု ဆိုသည်။

ဟိန္ဒားသတ္တုတွင်းကိစ္စတွင် တိုင်းအစိုးရ၏ သဘောထားကို အများပြည်သူသို့ ရှင်းလင်းထုတ်ပြန်ခဲ့ပြီး ပဲ့စင်ကျွန်းကိစ္စတွင် အထူးလျှို့ဝှက်ဟု ဆိုပြန်လာသောအခါ မည်သို့ မည်ပုံ နားလည်ရမည်ကို မရှင်းမလင်း ဖြစ်လိုက်ရသည်။ မည်သည့်အရေးတွင် အထူးလျှို့ဝှက်လိုက်ပြီး မည်သည့် အရေးတွင်တော့ အများပြည်သူကို ထုတ်ပြောပမာ ယူလိုက်မည်ဆိုသည့်မူ အပေါ် အခြေမခံသည့် သဘောလောဟု စောကြောမိသည်။

ယူဆရသော် တိုင်းဒေသကြီး အစိုးရသည် ပြည်သူများ လက်ခုပ်သံရမည့် အရေးကိစ္စကိုတော့ လူသိရှင်ကြားထုတ်ဖော် ပဲ့စင်ကျွန်း အရေးတော့ အဘယ်ကြောင့် မိမိသဘောထား မထုတ်ပြောရသနည်းဟု မေးခွန်းထုတ်မိသည်။

မိမိတို့၏ ဆုံးဖြတ်ချက်များကို မည်သို့ပင်ဖြစ်စေ တာဝန်ခံ ဖြေရှင်းရဲသည့် အစိုးရ တစ်ရပ်၏ ကြန်အင် လက္ခဏာနှင့် ပြည့်စုံပါ၏လော၏ မေးခွန်းထုတ်လိုက်ပါသည်။

အယ်ဒီတာ (ဇွန် ၂၇၊ ၂၀၂၀)