ကိုဗစ်အမိန့်ဖောက် မာဆတ် အရေးယူရန် ခက်နေသည်

0
405

ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး အတွက် ချမှတ်ထားသော စည်းကမ်းချိုး ဖောက်သည့် မြိတ်မြို့မှ မာဆတ် (အနှိပ်ခန်း) ကို အရေးယူရန် အခက်တွေ့ နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောကြားသည်။

မြိတ်တွင် ချမှတ်ထားသည့် အမိန့် ကို ဖောက်ဖျက်သည့် ကေတီဗွီ (ကာရာ အိုကေလုပ်ငန်း) ၃ ခုကို အရေးယူခဲ့ပြီး ဖြစ်သော်လည်း အနှိပ်ခန်းလုပ်ငန်းကိုမူ အရေးယူရန် ဥပဒေအကြံတောင်းထား ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

တားမြစ်ထားသည့်အမိန့်တွင် အနှိပ်ခန်းလုပ်ငန်း မပါဝင်သည့်အတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူရန် ဆွေးနွေး နေကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်က ဆိုသည်။

“အမိန့်ထုတ်ထားတဲ့အထဲမှာ မာဆတ် မပါဘူး။ မာဆတ်မပါတော့ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ ကူးစက်(ဥပဒေ) နဲ့ပဲ သွားမလားပေါ့လေ”ဟု တိုင်းဥပဒေ ချုပ်ဦးစိုးမြင့်က ပြောသည်။

သို့ရာတွင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် တရားစွဲ ဆိုပါက ကျူးလွန်သည့်ပုဒ်မအရ ဒဏ်ငွေ ကျပ်ငါးထောင်သာ ချမှတ်နိုင်သည့် အနေ အထားဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မေလ ၃ ရက်ညက မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့မှ ကေတီဗွီဆိုင်များအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ မြိတ်အဝေး ပြေးကားဂိတ်အနောက်ဘက်ရှိ ကေတီဗွီ ဆိုင် နှစ်ဆိုင်နှင့် ကလွင်ကျေးရွာအုပ်စု၊ အေးရိပ်ချောင်လမ်းရှိ ကေတီဗွီဆိုင်တို့ သည် ဒေသန္တရအမိန့်ကို လိုက်နာခြင်း မရှိဘဲ ဖွင့်လှစ်ထားသည်ကို တွေ့ရှိရ ကြောင်း မြိတ်ခရိုင် COVID – 19 တားဆီး ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရ သည်။