အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၈၅၀ဝ ကျော်ရှိ

0
366

မွန်ပြည်နယ်အတွင် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားသူ ၈၅၀ဝ ဦးကျော်ရှိကြောင်း မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။


မွန်ပြည်နယ်အနှံ့ နေရာပေါင်း ၃၅၀ ကျော်တွင် စောင့်ကြည့်နေရာအများဆုံးမှာ မော်လမြိုင်တက္ကသိုလ်တွင်ဖြစ်ပြီး ဦးရေတစ်ထောင်ခန့် ရှိသည်။


အဆိုပါ ၈၅၀ဝ ဦးကျော်တွင် အခြားတိုင်းနှင့် ပြည်နယ်မှပြည်တော်ပြန်များလည်း ပါဝင်ကြောင်း သိရသည်။


ပြည်ထောင်စုအစိုးရ၏ ညွန်ကြားချက်ဖြင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပြည်တော်ပြန်အချို့ကိုလည်း လက်ခံခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။


ဧပြီလ ၃ ရက်စာရင်းအရ တစ်ပြည်နယ်လုံးတွင် ဆေးရုံတွင်စောင်ကြည့် လူနာ ၃ ဦး၊ ဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၆၀ ဦး နီးပါးရှိကြောင်း အထက်ပါ ဌာနမှသိရသည်။