အလုပ်က လုပ်၊ အလုပ်ကို လုပ်

0
485

အလုပ်က လုပ်ရန် တွန်းသည့်အတွက် လုပ်နေရသည့်သူနှင့် အလုပ်ကို ကိုယ်က လုပ်နေသူဟူ၍ နှစ်မျိုး ရှိသည်။

အများစုတွေ့ရသည်မှာ အလုပ်က လုပ်ရန် ခိုင်းသည့်အတွက် လုပ်နေသည်က များသည်။

အနည်းစုသောသူတချို့သာလျှင် အလုပ်ကို ကိုယ်က စီးစီးပိုင်ပိုင် လုပ်နေခြင်း ဖြစ်သည်။

အလုပ်က လုပ်ဖို့ ပြောနေနိုင်မှလုပ်သူ များသည့် လုပ်ငန်းခွင်သည် လစ်ဟာမှုပေါင်းများစွာ အဆင်သင့်မဖြစ်မှုပေါင်းများစွာဖြင့် လုံးချာလည်နေလေ့ ရှိပြီး ကာယကံရှင်ကိုယ်တိုင်သည်လည်း ဒုံရင်းက ဒုံရင်း တက်မလာပေ။ ထိုသူတို့ ပါဝင် ပတ်သက်နေသည့် လုပ်ငန်းခွင်သည်လည်း လုံးချာလည်လိုက်နေလေ့ရှိသည်။

စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသည် စစ်ကြေညာ၊ ညာသံပေးပြီး လာလေ့မရှိသည့်အတွက် အလုပ်တွင် လုပ်စရာ ရှိသလောက်ကိုသာ လုပ်နေသူ များသည် ရုတ်တရက်ရောက်လာသည့် အခွင့်အလမ်းများကို ဆုံးရှုံးပြီး ကြုံရသည့် စိန်ခေါ်မှုရှေ့တွင် ငုတ်တုပ်မေ့တတ်သည်။

ယနေ့ခေတ်ကဲ့သို့ အဟုန်ပြင်းပြင်းဖြင့် သွားနေသည့် ခေတ်တွင် ပိုဆိုးသည်။

အလုပ်က လုပ်သူများနှင့် အလုပ်ကို လုပ်သူများသည် ကာလတစ်ခုအရောက် တွင် အများကြီး ကွာသွားလေ့ ရှိသည်။

စွမ်းဆောင်ရည်များ ကျဆင်းလာသည့်အပြင် ခေတ်နှင့်လည်း မအပ်စပ်တော့ သည့် အနေအထားမျိုးကို ကြုံရတတ်သည်။

အလုပ်ကို ကိုယ်က လုပ်ရန် လိုပေသည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)