ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
958
Bay-Din

၁၇ – ၂ -၂၀၂၀ မှ ၂၃ – ၂ -၂၀၂၀ အထိ

တနင်္ဂနွေ

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ရတတ်သောကာလ ဖြစ်သည်။ ယခုလ၌ ရွှေဝင်ခြင်း၊ ယာဉ် ဝင်ခြင်း ဖြစ်တတ်သည်။ ဤသို့ဝင်လျှင် မကောင်းပါ။ အမွေအနှစ် ရတတ်သည်။ လူမျိုးကွဲတို့ ကူညီမစမည်။ သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းများ ကောင်းသည်။ ကျန်းမာရေး ဂရုပြု ရမည်။ မေတ္တာရေးသည်ကား မြင်သာမြင်၍ မကြင်ရဘဲဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ

ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်မည်။ ဆရာကောင်း၊ သမားကောင်းများနှင့် ဆုံစည်း ရမည်။ ရပ်ဝေးမြေခြား ခရီးသွားရတတ်သည်။ သူများ စွပ်စွဲမှုခံရတတ်သည်။ လုပ်ငန်း ပြောင်းလဲခြင်း၊ လုပ်ငန်းခွင်ထဲ၌ စိတ်ပင်ပန်းခြင်းများ ဖြစ်ရတတ်သည်။ ပညာရေးကိစ္စ အောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်မခွဲအတူ လက်ဆုံရမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – သာကူမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ လုပ်ငန်းအသစ်များ ဆောင်ရွက်ရန်ရှိလျှင် ယခုအချိန် ဆောင်ရွက်ပါ။ အင်္ဂါသားသမီးတို့၏ ကူညီမစမှု ခံရမည်။ စာမေးပွဲကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အဆင်ပြေသည်ထက် ပိုအဆင်ပြေမည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – သက်ကြီးရွယ်အိုတို့အား အာဟာရဒါန လှူဒါန်းပါ။

ဗုဒ္ဓဟူး

မြေ ဝင်မည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အောင်မြင်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးခြင်း ဖြစ်မည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ ခရီးသွားမည့်အစီအစဉ် ပျက်ခြင်း၊ မအောင်မြင်ခြင်းများ ဖြစ်တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – ရွှေရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ငွေချေးငှားခြင်း၊ ငွေကြေးနှင့်ပတ်သက်၍ ဆုံးရှုံးခြင်း ဖြစ်တတ်သည်။ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများ ပေါများမည်။ အိမ်သစ်တက်ခြင်း၊ ဝယ်ခြင်းများ ပြုရတတ်သည်။ ကျန်းမာရေး ဂရုပြုပါ။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား သည်တစ်ခါမလွဲတော့ပါ။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ ဆီးရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – ပိန္နဲသီးမှည့်ကို အစေ့မပါဘဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

အကြံကောင်း တစ်ချက်ဆိုသလို အောင်မြင်မည်။ ကြန့်ကြာနေသော ငွေကြေးများ မကြာခင် ရောက်လာတော့မည်။ လာဘ်လာဘများ အောင်မြင်မည်။ ပညာရေး တိုးတက်မည်။ မီးအန္တရာယ်သတိထားပါ။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ပင်ပန်း ရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့်လက်ထပ်ရမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ဆီးရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ဆီထမင်း ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ဘာပဲလုပ်လုပ် လုပ်ငန်းများ အဆင်ပြေမည်။ ငွေကြေးများစွာ ဝင်မည်။ ခရီးမကြာခဏ ခရီးသွား နေရတတ်သည်။ အာရုံကြော အားနည်းတတ်သည်။ ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍ သောကရောက်ရတတ်သည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား သောကကင်း၍ ချမ်းမြေ့သာယာမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ