ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1080
Bay-Din

၁၃ – ၁ -၂၀၂၀ မှ ၁၉ – ၁ -၂၀၂၀ အထိ

တနင်္ဂနွေ
ယခုလအတွင်း မြေ မဝယ်သင့်ပါ။ အလှူအတန်း ပြုရတတ်သည်။ လုပ်ငန်းထဲ၌ နေရာ ကောင်းရခြင်း၊ လုပ်ငန်း အဆင်ပြေခြင်း ဖြစ်မည်။ ခရီးအသွားအလာ များတတ်သည်။ လူငယ် များ ပညာရေးသင်တန်း တက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများ အဆင်ပြေမည်။ အစားမှား ဆေးမှား သတိပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်အကြောင်း ဆက်၍ပေါင်းဖက်ရမည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အရှေ့တောင်။
ယတြာ – သင်္ဘောသီးမှည့်ကို အစိပ်စိပ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ
ယခုလအတွင်း တီဗွီ၊ အောက်စက်များ မဝယ်သင့်ပါ။ ဘုရားဖူးခရီးများ သွားရမည်။ မိမိ လုပ်ငန်းထဲ၌ စိတ်တိုင်းမကျ ဖြစ်နေရတတ်သည်။ နိုင်ငံခြားကိစ္စ၊ လူမျိုးခြားတို့နှင့်ဆက်စပ်သော ကိစ္စများ အောင်မြင်မည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား စိတ်အနည်းငယ် ပင်ပန်းရတတ်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်၊ အစိမ်း
မသွားသင့်သော အရပ် – အရှေ့မြောက်
ယတြာ – ထိုးမုန့်အမျိုးမျိုး ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ
ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ ထီ ပေါက်တတ်သည်။ ကုန်ကျထားသောငွေများ အစားထိုး ပြန်ဝင်မည်။ မော်တော်ကား ဝင်မည်။ စိတ်ချမ်းမြေ့ ပျော်ရွှင်ရမည်။ စက်ပစ္စည်း ဒုက္ခပေး တတ်သည်။ ပညာရေးအားထုတ်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်နှစ်ယောက်တစ် အိပ်မက် အကောင်အထည်ဖော်နိုင်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး
စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ပညာရေး ထွန်းတောက်မည်။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ တန်ခိုးကြီးဘုရားပုံတော်များ ရရှိခြင်း၊ တရားစခန်းဝင်ခြင်းများ ပြုရတတ် သည်။ ဘ၀အခြေအနေတိုးတက်မည့်ကာလ ဖြစ်သည်။ အာရုံကြော အားနည်းတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်စိတ်ကောက်၍ချော့ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ပန်းဆီရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းကို ပို့ပါ။

ကြာသပတေး
အမွေအနှစ် ရရှိတတ်သည်။ လူမျိုးကွဲတို့ ကူညီမစ ကြမည်။ စက်ပစ္စည်းများ ဝင်မည်။ ရွှေထည် ပစ္စည်းထွက်တတ်သည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား အချစ်က သင့်အပေါ် အိပ်မက်များပေးနေသောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – သဇင်ပန်း ဘုရားကပ်လှူပါ။

သောကြာ
အလှူအတန်း ပြုရတတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ ဘ၀ကံကြမ္မာကောင်းသောကာလ ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍ ကြိုးစားအားတင်းရမည်။ ငွေကြေးများ စုဆောင်းမိမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ဝမ်းဗိုက်အစာအိမ် ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား လက်ထပ် မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အနီရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – မိတ်ဆွေတစ်ဦးအား လက်ဖက်ရည်နှင့် မုန့် ဒါနပြုပါ။

စနေ
ယခုလ၌ ငွေကြေးများစွာ ရရှိမည့်ကာလ ဖြစ်သည်။ လာဘ်လာဘ ပေါများမည်။ အတိုက်အခံ အပြောအဆိုကိစ္စများ ကြုံလျှင် ထိုကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား သင်အမှန်တကယ် စန်းပွင့်နေပါသည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ ပန်းဆီရောင်
မသွားသင့်သောအရပ် – အနောက်တောင်
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေလှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Gelogy)
ဝေဒလက္ခဏသုတေသီ