မောတောင်နယ်စပ်တွင် ဘုရားသာသနာ အောင်ပွဲကြီးမင်္ဂလာ ကျင်းပမည်

0
542

တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ရှိ ဆလုံသာသနာပြု ဂျလန်းကျွန်း ဓမ္မရိပ်သာကျောင်းတိုက် တွင် ဘုရားသာသနာ အောင်ပွဲကြီးမင်္ဂလာအား ဒီဇင်ဘာလ ၃၁ ရက်မှ ဇန်နဝါရီလ ၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဂျလန်းကျွန်းဆရာတော် အရှင် ကုသလဇောတိထံမှ သိရသည်။

ဘုရားသာသနာ အောင်ပွဲကြီး မင်္ဂလာတွင် တည်ဆောက်ပြီးစီးပြီဖြစ် သည့် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ သိမ်၊ ဇရပ်၊ ပြသာဒ်၊ မုခ်ဦး၊ ကွန်ကရစ်လမ်း စသည့် သာသနိက အဆောက်အဦများအား လှူဒါန်းပူဇော်ပွဲနှင့် ရေစက်ချပွဲ မင်္ဂလာတို့အား တပြိုင်နက်စည်းကား သိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်း-မြန်မာနယ်စပ်မှာ ဘုရား သာသနာအားနည်းနေတယ်။ ဘုရား သာသနာ တိုးတက် တည်တံ့တိုးတက်ဖြန့် ပွားစေခြင်းအကျိုးကို ရည်ရွယ်တာပေါ့” ဟု ဂျလန်းကျွန်းဆရာတော် အရှင် ကုသလဇောတိက မိန့်ကြားသည်။

ကျောင်းကန်ဘုရားများတည် ဆောက်ပြီးစီးသည့်အခါ ပြုလုပ်လေ့ရှိသည့် ကျောင်းတက်ပွဲအစား ဘုရား သာသနာအောင်ပွဲအဖြစ် စုပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ဘုရားသာသနာ အောင်ပွဲကြီးမင်္ဂလာပွဲတွင် ဖျော်ဖြေရေးအနေဖြင့် ဟားငါး ကောင်အငြိမ့်အဖွဲ့နှင့် အနုပညာရှင်များ ဖြစ်သည့် ဟိန်းဝေဟံ၊ စိုးပြည့်သဇင်တို့မှ သီဆိုဧည့်ခံပေးသွားမည်ဖြစ်ကြောင်း ဆလုံသာသနာပြု ဂျလန်းကျွန်းဓမ္မရိပ် သာကျောင်းတိုက်ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)